Friday, November 2, 2012

IDP ကလေးငယ်တွေ မျက်လုံးတွင်းသို့ သွေးယိုစီးတဲ့ ဝေဒနာခံစားနေရ

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသ ပယ်ခီးရွာနဲ့ ပဟိုးရွာတွေမှာ ရှိတဲ့ ငါးနှစ်အောက်ကလေးများ ကူးစက်ပြန့်ပွားလွယ်တဲ့ ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေကြရပြီး အဲဒီထဲက ကလေးငယ်အချို့ဟာ မျက်လုံးတွင်းသို့ သွေးယိုစီးတဲ့ဝေဒနာကို ခံစားနေကြရတယ်လို့ သိရပါတယ်။
                                          အမှတ် ၂ ခရိုင်မှ ကြက်ညှာချောင်းဆိုးရောဂါ ခံစားနေရသော ကလေးငယ်တဦး (ဓါတ်ပုံ-KnMHC)
အောက်တိုဘာလ ၁၄ ရက်က စပြီး ၎င်းကျေးရွာများမှာရှိတဲ့ ငါးနှစ်အောက်ကလေးငယ် ၄၀ ဦးဟာ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အသက်ရှူမောပန်းခြင်း၊ ပျို့အန်ခြင်းတို့မှတဆင့် မျက်လုံးထဲထိ သွေးယိုစီးမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် ကုသမှုနှောက်နှေးပါက အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ ကရင်နီကျန်းမာရေးဌာနက ဆိုပါတယ်။

လယ်ဧကတိုးချဲ့ စိုက်ပျိုးနိုင်ရန် ရေလှောင်တမံ ပြုပြင်နိုင်ခဲ့

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါတဒါးကျေးရွာအနီးရှိ စပါးစိုက်ပျိုးမှု လယ်ဧကတိုးချဲ့ နိုင်ရန်အတွက် ဒေါတဒါးရေလှောင်တမံကို ပြန်လည်ပြုပြင် ပြီးစီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်နယ်  ဆည်းမြောင်း ဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူး ဦးအောင်မြင့်က "ဒီဆည်က လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ကတည်းက ဆောက်ခဲ့တဲ့ ဆည်ကော အဲဒါက နှစ်ကာလ ကြာလာတော့ ဆည်က ပျက်စီးလာတယ် ရေကိုလည်း ကောင်းကောင်း မသွန်နိုင်ဘူး။ သူသတ်မှတ်တဲ့ ဧရိယာလည်း စိုက်ပျိုးရေး မပေးနိုင်တဲ့အတွက်ကြောင့် ဒီဆည်ကို ပြန်လည်ပြုပြင် တည်ဆောက်တာဖြစ်ပါတယ်" လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

Sunday, October 21, 2012

14 Internship Programme

For young women inKarenni State,Burmaand the Karenni refugee camps inside the Thai-Burma border, there are very few opportunities to achieve a higher education.  Many cannot even finish high school.  But education is important for the future of Karenni women, which is why the Karenni National Women’s Organization provides an internship program for several young women fromKarenniStateand two refugee camps.
In traditional Karenni culture, parents and elderly believe that women do not need to study or attend

Friday, October 19, 2012

စားပွဲသောက်ပွဲအမြင်မှ အဓိပ္ပါယ်လေးနက်သော ပွဲအဖြစ်မြင်စေချင်

"ဒီးကူ" တဲ့ တိုက်ရိုက် ဘာသာပြန်မယ်ဆိုရင်တော့ "ဒီး"ဆိုတာက ထမင်း "ကူ"ဆိုတာကတော့ ထုပ်တာပေါ့။ ဒါပေမယ့် ဒီးကူရဲ့ အထိမ်းအမှတ်ကတော့ နှိုင်းရက်စရာ ဘာမှမရှိသလို ကရင်နီလူမျိုးတွေ သူ့ကျွန်ဘ၀ကနေ လွှတ်မြောက်တဲ့ အနေနဲ့ ဒီးကူပွဲတော်ဆိုပြီး ကရင်နီအမျိုးသားတွေက ပြုလုပ်လာကြတာ ရှေ့ယခင်ကတည်းကပါပဲ။
                                                                          ဒီးကူပုံအား မြင်တွေ့ရစဉ်
အခုအခါ ငွေတောင်ပြည်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကရင်နီ (ကယားပြည်နယ်) ကို ရှေးယခင် ဘီစီ(၇၃၉) တုန်းက ယွန်းလူမျိုးများက ကရင်နီသူရဲကောင်း သျှားတူဖဲကို နည်းအမျိုးမျိုးနဲ့ လုပ်ကြံသတ်ဖြတ်ပြီး ငွေတောင်ပြည်ကို သိမ်းပိုက်ခဲ့ပါတယ်။ သျှားတူဖဲ ကျဆုံးသွားပြီးတဲ့နောက်

ယာဉ်မောင်းလိုင်စင် အလုအယှက် ပြုလုပ်နေကြ

ကရင်နီ(ကယား)ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) ပြည်နယ်ရုံးမှာ လွိုင်ကော်မြို့မှာ အခုရက်ပိုင်းအတွင်း ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်တွေ လာရောက်လျှောက်ထားတဲ့ သူတွေ အလုယှက် လာရောက် ပြုလုပ်နေကြတာကို တွေ့ရပါတယ်။
ဆိုင်ကယ်လိုင်စင်တွေကိုလမ်းမှာစစ်ဆေးဖို့ စောင့်နေတဲ့ ရဲတွေမြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ပြည်နယ် အစိုးရအမိန့်အဖြင့် ယဉ်ထိန်းရဲတွေကနေပြီး လွိုင်ကော်မြို့ပေါ်မှာ စည်းကမ်းမဲ့မောင်းနေတဲ့သူတွေကို ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်တွေ အတင်းအကျပ်စတင် စစ်ဆေးဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေပြီဖြစ်လို့ ယာဉ်မောင်း လိုင်စင်တွေ ပြုလုပ်ပေး နေရတာဖြစ်တယ်လို့ (က.ည.န)ရုံးမှ ဝန်ထမ်းတဦးက ပြောပါတယ်။

Your ideal