ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသ
ပယ်ခီးရွာနဲ့ ပဟိုးရွာတွေမှာ ရှိတဲ့ ငါးနှစ်အောက်ကလေးများ
ကူးစက်ပြန့်ပွားလွယ်တဲ့ ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေကြရပြီး အဲဒီထဲက
ကလေးငယ်အချို့ဟာ မျက်လုံးတွင်းသို့ သွေးယိုစီးတဲ့ဝေဒနာကို
ခံစားနေကြရတယ်လို့ သိရပါတယ်။
အမှတ် ၂ ခရိုင်မှ ကြက်ညှာချောင်းဆိုးရောဂါ ခံစားနေရသော ကလေးငယ်တဦး (ဓါတ်ပုံ-KnMHC)
အောက်တိုဘာလ ၁၄ ရက်က စပြီး
၎င်းကျေးရွာများမှာရှိတဲ့ ငါးနှစ်အောက်ကလေးငယ် ၄၀ ဦးဟာ
အဆက်မပြတ်ချောင်းဆိုးခြင်း၊ အသက်ရှူမောပန်းခြင်း၊ ပျို့အန်ခြင်းတို့မှတဆင့်
မျက်လုံးထဲထိ သွေးယိုစီးမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် ကုသမှုနှောက်နှေးပါက
အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ ကရင်နီကျန်းမာရေးဌာနက ဆိုပါတယ်။