Friday, November 2, 2012

IDP ကလေးငယ်တွေ မျက်လုံးတွင်းသို့ သွေးယိုစီးတဲ့ ဝေဒနာခံစားနေရ

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသ ပယ်ခီးရွာနဲ့ ပဟိုးရွာတွေမှာ ရှိတဲ့ ငါးနှစ်အောက်ကလေးများ ကူးစက်ပြန့်ပွားလွယ်တဲ့ ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေကြရပြီး အဲဒီထဲက ကလေးငယ်အချို့ဟာ မျက်လုံးတွင်းသို့ သွေးယိုစီးတဲ့ဝေဒနာကို ခံစားနေကြရတယ်လို့ သိရပါတယ်။
                                          အမှတ် ၂ ခရိုင်မှ ကြက်ညှာချောင်းဆိုးရောဂါ ခံစားနေရသော ကလေးငယ်တဦး (ဓါတ်ပုံ-KnMHC)
အောက်တိုဘာလ ၁၄ ရက်က စပြီး ၎င်းကျေးရွာများမှာရှိတဲ့ ငါးနှစ်အောက်ကလေးငယ် ၄၀ ဦးဟာ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အသက်ရှူမောပန်းခြင်း၊ ပျို့အန်ခြင်းတို့မှတဆင့် မျက်လုံးထဲထိ သွေးယိုစီးမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် ကုသမှုနှောက်နှေးပါက အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ ကရင်နီကျန်းမာရေးဌာနက ဆိုပါတယ်။

လယ်ဧကတိုးချဲ့ စိုက်ပျိုးနိုင်ရန် ရေလှောင်တမံ ပြုပြင်နိုင်ခဲ့

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါတဒါးကျေးရွာအနီးရှိ စပါးစိုက်ပျိုးမှု လယ်ဧကတိုးချဲ့ နိုင်ရန်အတွက် ဒေါတဒါးရေလှောင်တမံကို ပြန်လည်ပြုပြင် ပြီးစီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်နယ်  ဆည်းမြောင်း ဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူး ဦးအောင်မြင့်က "ဒီဆည်က လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ကတည်းက ဆောက်ခဲ့တဲ့ ဆည်ကော အဲဒါက နှစ်ကာလ ကြာလာတော့ ဆည်က ပျက်စီးလာတယ် ရေကိုလည်း ကောင်းကောင်း မသွန်နိုင်ဘူး။ သူသတ်မှတ်တဲ့ ဧရိယာလည်း စိုက်ပျိုးရေး မပေးနိုင်တဲ့အတွက်ကြောင့် ဒီဆည်ကို ပြန်လည်ပြုပြင် တည်ဆောက်တာဖြစ်ပါတယ်" လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

Your ideal